iPhone 3GS iOS 4.3.1
Jailbroken : redsn0w
charging သွင်းလိုက်ရင် ဖားတွေမိုးခေါ်နေသလို အသံက တကွမ်ကွမ်နဲ့ အသံပိတ်ထားရင်လဲ vibrator ကတုန်နေတယ်
Saturngod က Zawgyi iOS 4.3 package ကို update လုပ်လိုက်ပြီဆိုပြီး ယပ်ခတ်ပေးပါတယ်
မရိုးမရွဖြစ်ပြီး အရင်က install လုပ်ထားတဲ့ Zawgyi Keyboard for iPad 4.2 ကို uninstall လုပ်လိုက်မိတဲ့အခါ လျှာရှည်သွားပြီဆိုတာ
သိလိုက်ရပါတယ် ( သူပြောတဲ့အထဲမှာအဲဒါမပါဘူးလေ )
respring မှာလည်နေတာလေ
ပန်းသီးပုံလည်းပေါ်သလို respring လုပ်နေတာလည်းပေါ်တယ်
အရမ်းထူးပါတယ်
ဒါမျိုးကတော့ ကိုယ့်ကိုယ်ကိုလည်း မသနားဘူး iPhone ကိုလည်း မသနားပါဘူး
backup မလုပ်ရသေးလို့ iTunes မှာ backup စမ်းလုပ်ကြည့်တော့ iTunes ကလည်းမှတ်မိသေးတယ်
backup လည်းလက်ခံတယ် တော်သေးတာပေါ့
ဒါနဲ့ရဦးမလားဆိုပြီး redsn0w နဲ့ jailbreak လုပ်ကြည့်သေးတယ် ဂျပန် window က redsn0w ကိုသတ်တယ်
iSO 4.3.3 တင်လိုက်ရတဲ့အဆင့်ပဲ ဒါပေမဲ့ JailbreakMe 3.0 ကိုစမ်းဖို့အခွင့်အရေးရသွားပါတယ်
3G နဲ့ပါ အရမ်းမြန်ပါတယ် ကော်ဖီတောင်မသောက်လိုက်ရဘူး lol
JailbreakMe 3.0 နဲ့ jailbreak လုပ်ပြီး Saturngod က update လုပ်လိုက်တဲ့ Zawgyi iOS 4.3 package ကို install လုပ်တာ
အဆင်ပြေပါတယ် Keyboard ကလည်းလိုချင်သေးတော့ အရင်ကသုံးနေကျ Zawgyi Keyboard for iPad 4.2 ကိုစမ်းကြည့်သေးတယ်
မပေါ်ဘူး
JailbreakMe 3.0 က ထွက်ခါစဖြစ်နေလို့ပဲလားမသိဘူး Cydia မှာ တစ်ချို့ app တွေသိပ်မကိုက်ပါ
SiNful iPhone source ကလည်းထည့်မရ website ကိုတက်ကြည့်တော့ server က too busy
biteSMS ကအဆင်မပြေ
4.3.3 restore နဲ့ redsn0w jailbreak ပြန်လုပ်ထားပါတယ်