Thursday, January 10, 2013
Friday, August 10, 2012
iPhone-iPad operating system က YouTube ကို ဖြုတ်လိုက်ပြီ
ဒါဟာ Apple နဲ့ Google တို့ကြား ကြီးမားတဲ့ ပြိုင်ဆိုင်မှု သင်္ကေတ ဖြစ်တယ်လို့ သြဂုတ်လ ၈ ရက် နေ့ ရိုက်တာ သတင်းတပုဒ်က
ဆိုပါတယ်။
Apple ရဲ့ ကမ္ဘာနဲ့အ၀ှမ်း လူကြိုက်များတဲ့ထုတ်ကုန်တွေကနေ You Tube Videos တွေကို ကြည့်ဖို့အတွက် Web browser တခုက
တဆင့် ချိတ်ဆက်ပြီးမှပဲ ဆက်ပြီးအဆင်ပြေနိုင်မယ်လို့သိရပါတယ်။ ဒီ Web browser ကလည်း ယူနစ် တခုမှာ ကြိုတင်လုပ်ထားတဲ့
Viewer software architecture တော့ ရှိမှာမဟုတ်ပါဘူးတဲ့။
အရံ အသုံးပြုနိုင်မှုတခုအနေနဲ့ Apple ရဲ့ အွန်လိုင်း App Store အတွက် ရုပ်ထွက်ကောင်းတဲ့ You Tube application တခုကို ပုံဖော်
ဖို့တော့ Google ကိုမျှော်လင့်ထားပါတယ်တဲ့။
“iOS သုံးစွဲသူတွေအတွက် အကောင်းဆုံးဖြစ်နိုင်တဲ့ You Tube experience ကျနော်တို့မှာ သေချာရှိဖို့ အခု Apple နဲ့ အတူ ပူးပေါင်း
လုပ်ဆောင်နေပါတယ်” လို့ You Tube ရဲ့ ပြောခွင့်ရသူတဦးက AFP ကို ပြော လိုက်ပါတယ်။
ဒီလို သူကပြောလိုက်တာကလည်း Apple က ထုတ်လုပ်တဲ့မိုဘိုင်းပစ္စည်းတွေအတွက် operating system ကိုရည်ညွှန်းပြော
ဆိုတာလို့ သိရပါတယ်။
ဘာပဲပြောပြော ဒီသတင်းက Apple ထုတ်ကုန်တွေကိုသုံးစွဲနေသူတွေအတွက်တော့ နည်းနည်း စိတ် အနှောက်အယှက်ဖြစ်စေတဲ့
သတင်းလည်းဖြစ်ပါတယ်။
နည်းပညာတိုးတက်လာတဲ့ခေတ်ကြီးမှာ နည်းပညာကုမ္ပဏီတွေနဲ့ အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီတွေ အချင်းချင်း
အားပြိုင်မှုတွေက သုံးစွဲသူတွေအတွက် အဖုအထစ်တွေဖြစ်ပါတယ်။
Credit : Irrawaddy Blog
Saturday, June 23, 2012
Away from Earth
Infrastructure မရှိသေးတဲ့ဂြိုဟ်တစ်ခုမှာ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ ... မြို့ပြဟာ GalaxyTab ကိုမျက်နှာသာပေးထားတယ်
(July 23, 2012)
Saturday, June 2, 2012
NEO TECH တွင် အခမဲ့ Jail Break ပြုလုပ်နိုင်ပြီ
Apple Products များတွင် နောက်ဆုံး Firmware Version ဖြစ်သော iOS 5.1.1 အတွက်
iPad, iPhone, iPod များအားလုံး NEO TECH တွင် အခမဲ့ Jailbreak ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရ သည်။
စိတ်ပါဝင်စားသူများအနေဖြင့်
စိတ်ပါဝင်စားသူများအနေဖြင့်
NEO TECH (ရန်ကုန်) ဝ၁ ၃၉၈၁၉၉၊
(မန္တလေး) ဝ၉၅၀၄၃၁၂၀၊
Life Mark (ရန်ကုန်) ဝ၁ ၃၉၁၆၉၀ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရှိရပါ သည်။
Credit : Myanmar News Now, မေမြသူ
Friday, June 1, 2012
Zawgyi Keyboard (iOS 5.1.1)
အသေးစိတ်ကိုတော့ Saturngod ၏ blog မှ ကူးယူဖော်ပြပါသည်
အရင်ဆုံး Cydia > Changes > Refresh လုပ်ပြီး Upgrade လုပ်လို့ရတဲ့ Package အားလုံးကို upgrade အရင်လုပ်ထားပါ။
ပြီးရင်Cydia > Source > Edit > Add > http://cydia.macforus.com ကိုထည့်လိုက်ပါ။
ပြီးရင် ခဏစောင့်ပါ။
loading မြန်သွားအောင် မသုံးတော့တဲ့ Package တွေ အားလုံးကို ရှင်းထားလိုက်ပါတယ်။
ပြီးရင် Done နှိပ် ပါ။ပြီးရင် Mac For Us Repo ကို နှိပ်ပါ။ List တွေ ပေါ်လာပါမယ်။
ပြီးရင်
၁။ Zawgyi Font iOS 4.3 ကို အရင်သွင်းပါ။
Deb ကို download ချချင်သူတွေကတော့ http://cydia.macforus.com/deb/zawgyi-iOS43-font.deb ကို download ချနိုင်ပါတယ်။
၂။ MMKeyboard for iOS5+ ကို သွင်းပါ။ သွင်းပြီးရင် Restart Springboard ပေါ်လာပါမယ်။ နှိပ်လိုက်ပါ။
http://cydia.macforus.com/deb/wootylab-mmkeyboard_1.1-1_iphoneos-arm.deb က deb link ပါ။
lock screen ကို ပြန်ရောက်သွားပါမယ်။
Setting > General > Keyboard > International Keyboards > Add New Keyboard > Czech ကို နှိပ်ပါ။
စတင်ပြီး အသုံးပြုနိုင်ပါပြီ။
keyboard ရဲ့ ဘယ်ဘက် အောက်မှာ ကမ္ဘာလုံး ပုံလေးရှိပါတယ်။ အဲဒါလေးကို နှိပ်ပြီး ဇော်ဂျီ မြန်မာစာ ပြောင်းပြီး ရီုက်နိုင်ပါတယ်။
iPad 1 , new iPad တွင် စမ်းသပ်ပြီး။
FAQ
၁။ Czech keyboard က English စာ keyboard ပဲ ပေါ်နေတယ်။ မြန်မာလို ရိုက်လို့ မရဘူး။
Czech keyboard ပျက်သွားတာကြောင့် ဖြစ်နိုင်ပါတယ်။
ဒါမှမဟုတ် အခြား Czech keyboard ကို သုံးထားတဲ့ keyboard တစ်ခု သွင်းထားတာကြောင့် မရတာလည်း ဖြစ်နိုင်ပါတယ်။
iOS 5.1.1 (9B206) ကို ပြန် restore လုပ်ပြီး jailbreak ပြန်လုပ်။ ပြန်သွင်းရင် အဆင်ပြေပါလိမ့်မယ်။
၂။ Repo Not Found ပြနေတယ်။
Browser ကနေ http://cydia.macforus.com ကို ခေါ်လို့ရတယ်ဆိုရင်တော့ Connection ကြောင့် ဖြစ်ပါလိမ့်မယ်။
connection ကောင်းရင် ပြန်စမ်းကြည့်ပါ။
၃။ Size Mismatch Error ဖြစ်နေတယ်။
လက်ရှိ source ထဲမှာရှိတဲ့ cydia.macforus.com ကို ပြန်ဖျက်ပြီး ပြန်ထည့်လိုက်ပါ။
၎။ font သွင်းတဲ့ အခါမှာ System In Use Error တက်နေတယ်။
လက်ရှိ ဖွင့်ထားတဲ့ App တွေ ( Home Button ကို double နှိပ်လိုက်ရင် မြင်ရတဲ့ App ) ကို အကုန် ပိတ်လိုက်ပြီး ပြန်သွင်းကြည့်ပါ။
Monday, May 28, 2012
Absinthe 2.0.4
May 25 မှာ စတင်ထွက်ရှိခဲ့တဲ့ Greenpois0n ရဲ့ Absinthe ဟာ Version 2.0.4အထိရောက်ရှိခဲ့ပါပြီ
iOS 5.1.1 တစ်ခုတည်းကိုသာ အလုပ်လုပ်ပါတယ် Untethered Jailbreak ဖြစ်ပါတယ်
Jailbreak လုပ်နိုင်တဲ့ device တွေကတော့ ဒီမှာပါ
iPad 1,1 – 2,1 – 2,2 – 2,3 – 2,4 – 3,1 – 3,2 – 3,3
iPhone 2,1 – 3,1 – 3,3 – 4,1
iPod 3,1 – 4,1
Version 2.0.2 မှာ iPad 2,4 jailbreak ကို မအောင်မြင်ခဲ့သူများ version 2.0.4 ကို အသုံးပြုနိုင်ပါပြီ
iTunes က latest version ဖြစ်ရပါမယ်
Window, Mac နဲ့ Linux ဆိုပြီး (၃) မျိုးထွက်ရှိပါတယ် http://greenpois0n.com/ မှာ download ယူပါ
One Click Untethered Jailbreak ဆိုတဲ့အတိုင်း One click ပါပဲ
Subscribe to:
Posts (Atom)

