ဒါဟာ Apple နဲ့ Google တို့ကြား ကြီးမားတဲ့ ပြိုင်ဆိုင်မှု သင်္ကေတ ဖြစ်တယ်လို့ သြဂုတ်လ ၈ ရက် နေ့ ရိုက်တာ သတင်းတပုဒ်က
ဆိုပါတယ်။
Apple ရဲ့ ကမ္ဘာနဲ့အ၀ှမ်း လူကြိုက်များတဲ့ထုတ်ကုန်တွေကနေ You Tube Videos တွေကို ကြည့်ဖို့အတွက် Web browser တခုက
တဆင့် ချိတ်ဆက်ပြီးမှပဲ ဆက်ပြီးအဆင်ပြေနိုင်မယ်လို့သိရပါတယ်။ ဒီ Web browser ကလည်း ယူနစ် တခုမှာ ကြိုတင်လုပ်ထားတဲ့
Viewer software architecture တော့ ရှိမှာမဟုတ်ပါဘူးတဲ့။
အရံ အသုံးပြုနိုင်မှုတခုအနေနဲ့ Apple ရဲ့ အွန်လိုင်း App Store အတွက် ရုပ်ထွက်ကောင်းတဲ့ You Tube application တခုကို ပုံဖော်
ဖို့တော့ Google ကိုမျှော်လင့်ထားပါတယ်တဲ့။
“iOS သုံးစွဲသူတွေအတွက် အကောင်းဆုံးဖြစ်နိုင်တဲ့ You Tube experience ကျနော်တို့မှာ သေချာရှိဖို့ အခု Apple နဲ့ အတူ ပူးပေါင်း
လုပ်ဆောင်နေပါတယ်” လို့ You Tube ရဲ့ ပြောခွင့်ရသူတဦးက AFP ကို ပြော လိုက်ပါတယ်။
ဒီလို သူကပြောလိုက်တာကလည်း Apple က ထုတ်လုပ်တဲ့မိုဘိုင်းပစ္စည်းတွေအတွက် operating system ကိုရည်ညွှန်းပြော
ဆိုတာလို့ သိရပါတယ်။
ဘာပဲပြောပြော ဒီသတင်းက Apple ထုတ်ကုန်တွေကိုသုံးစွဲနေသူတွေအတွက်တော့ နည်းနည်း စိတ် အနှောက်အယှက်ဖြစ်စေတဲ့
သတင်းလည်းဖြစ်ပါတယ်။
နည်းပညာတိုးတက်လာတဲ့ခေတ်ကြီးမှာ နည်းပညာကုမ္ပဏီတွေနဲ့ အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီတွေ အချင်းချင်း
အားပြိုင်မှုတွေက သုံးစွဲသူတွေအတွက် အဖုအထစ်တွေဖြစ်ပါတယ်။
Credit : Irrawaddy Blog