ဓမ္မ application




        Dhamma Stream နှင့်ပါတ်သက်၍ Saturngod ရဲ့ website မှတဆင့်ဖော်ပြပါသည်


Dhamma Stream ဆိုတာက iPhone Application တစ်ခုပါ။ တရားတော်တွေကို online ကနေ တိုက်ရိုက် နားထောင်လို့ရအောင် ဖန်တီးပေးထားပါတယ်။ လက်ရှိ ဆရာတော် ၉ ပါး ကို online ကနေ တိုက်ရိုက် နားထောင်လို့ရပါတယ်။ data တွေ အားလုံးကို မူရင်း website ကနေ ပဲ ရယူထားပါတယ်။ တရားတော် များများကိုတော့ http://dhammadownload.com/ ကနေ ယူထားပါတယ်။ အခု version မှာတော့ download ချတာနဲ့ favorite list လုပ်တာတော့ မပါသေးဘူး။ Database ကို online ကနေ တိုက်ရိုက် update လုပ်ယူအောင် လုပ်ဖို့ ကြိုးစားပေမယ့် အချိန်ယူရမှာကြောင့် မထည့်ဖြစ်ဘူး။ နောက် version မှာ ပါလာအောင် ကြိုးစားပေးပါ့မယ်ရေးဖြစ်သွားတာက website ကိုသွား ဖွင့်ရတာပျင်းတာကြောင့် phone ပေါ်ကနေပဲ တိုက်ရိုက်ဖွင့်လို့ရရင်ကောင်းမယ်။ website မသွားချင်ဘူးဆိုဘူး ရေးဖြစ်သွားတာပါ။ နောက် version မှာတော့ ဆရာတော် စာရင်း ထပ်ဖြည့်ပေးပါ့မယ်။ အခုတော့ version 0.5 ကို iphone ပေါ်ကနေ download ချပြီး online ပေါ်ကနေ တရားနာလို့ရပါပြီ။ computer ကို ဖွင့်ဖို့ မလိုပဲ phone ပေါ်ကနေ လွယ်လင့် တကူ တရားနာယူလို့ရပါပြီဗျာ။



           Ko Pye Phyo Han ရဲ့ ဓမ္ဓဒါန ကိုပြန်လည်မျှဝေလိုက်ပါတယ် Apple Store မှာ free download ရယူနိုင်ပါသည်




iDhamma1.1 is ready for upgrade


iDhamma1.1 ကို upgrade လုပ်နိုင်ကြပါပြီခင်ဗျာ။ Download လုပ်ကြသူများရော၊ Review မှာ Comment + Rating ပေးကြသူများအားလုံးပါ ကျေးဇူးတင်ပါတယ်လို့ ထပ်ပြောချင်ပါတယ်။ အခု New version ကိုလည်း Comment + Rating တွေပေးကြပါလို့ တောင်းဆိုပါတယ်။ ကျွန်တော်ပြုခဲ့တဲ့ ဓမ္မဒါနလေး အကျိုးသက်ရောက်မှု ရှိခဲ့တာကို Statics တွေအရသိလိုက်ရချိန်မှာ ပြောမပြတက်အောင် ၀မ်းသာပီတိဖြစ်ရပါတယ်။ အခုဒီ version ကိုအချိန်လု ပြီးအတင်းလုပ်ထားတာ ဖြစ်တာကြောင့် လိုအပ်တာ၊ မှားနေတာရှိရင် အရင်လိုဘဲ ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်။  Feedback လုပ်လို့ ရနိုင်တဲ့နေရာတွေက
၁။ via Email ( pyephyohan@gmail.com)
၂။ Support URL ( http://idhamma.pyephyohan.info/ )
၃။ iTune Link (  http://itunes.apple.com/us/app/idhamma/id420570850?mt=8&ls=1 )
၎။ Blog post (iDhamma1.1,iDhamma1.0)
အခုဒီ version မှာဘာတွေ update  ဖြစ်သွားတယ်ဆိုတာကို အသေးစိတ်ရေးပါမယ်။
Content Update၁။ ပဌာန်းတရားတော်အကျယ်
၂။ ဘုရား၊ တရား၊ သံဃာဂုဏ်တော်များ
၃။ ဓါရဏပရိတ်တော်
၎။ ရှိပြီးသား content များကိုဖတ်လို့ကောင်းအောင်ပြုင်ထားပါတယ်။ ရတနာသုတ် မှာစာကျန်တာတွေလည်း ဖြည့်ထားပါတယ်။
၅။ ပရိတ်ကြီး (၁၁) သုတ်အားလုံးမှာ ရွတ်ဖတ်ရခြင်းအကျိုးတွေပါလာပြီ ဖြစ်ပါတယ်။

Feature Update
၁။ ပရိတ်ကြီး (၁၁) သုတ်အားလုံးမှာ အသံဖိုင်တွေ ပါလာပြီဖြစ်လို့ ရွတ်ဖတ်ရင်းလည်း တရားနာယူလို့ ရနိုင်ပါပြီ။ တစ်ခုလေး သတိပြုရမှာကတော့ Ear Phone မတပ်ထားရင် phone ကို  Ring mode "ON" ထားမှအသံကြားရမှာဖြစ်ပါတယ်။ Built-in iPod နဲ့နည်းနည်းလေးကွာတဲ့ အချက်တစ်ခုဘဲ ဖြစ်ပါတယ်။ ကျန်တဲ့  Pause, Stop, Repeat တွေကိုတော့ လိုအပ်သလို လုပ်နိုင်ပါတယ်။ (မှတ်ချက်။   ။တရားနာဖို့ 3G (or) WIFI မလိုပါဘူးခင်ဗျာ)
၂။ ကျွန်တော် Statics တွေကိုကြည့်လိုက်တော့ SG ကသူတွေအများဆုံး အသုံးပြုတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း SG မှာကျင်းပမယ့်တရားပွဲ (သို့) မြန်မာ့ဘာသာရေးဆိုင်ရာ အခမ်းအနားတွေရဲ့ သတင်းကို  Latest ဖတ်နိုင်မယ် News Section ကိုထည့်ထားပါတယ်။ News tab အောက်မှာ News list တွေကိုတွေ့ရမှာ ဖြစ်ပြီးအသေးစိတ်ကို Detail မှာဆက် ကြည့်နိုင်ပါတယ်။ တကယ်လို့ကျင်းပမယ့်နေရာကို  Google Map နဲ့ကြည့်ချင်ရင်တော့  “view Map”  ကို click ပြီးကြည့်နိုင်ပါတယ်။ News တွေကို Refresh လုပ်ချင်ရင်တော့ အပေါ်ညာဘက်ထောင့်က Refresh Buttom လေးကို click လုပ်ပြီး update News တွေကိုကြည့်နိုင်ပါတယ်။ ဒီ Feature အတွက်တော့ SG မဟုတ် တဲ့နိုင်ငံများမှ အသုံးပြုများ ကိုတော့ တောင်းပန် ပါတယ်ခင်ဗျာ။ ကျွန်တော်တရားပွဲသတင်းတွေကို ရနိုင်မယ့်  Web site တွေကိုလိုက်ကြည့်တော့ SG ဘဲ အစီအစဉ်တကျနဲ့ ရှာရလွယ်အောင်လုပ်ထားတာ ကိုတွေ့ရပါတယ်။ကျွန်တော် မျက်စိရှမ်းပြီး ကျန်တာလဲ ဖြစ်နိုင်ပါတယ်။ :) အခြားနိုင်ငံတွေရဲ့ တရားပွဲ သတင်းတွေကို ထည့်စေချင်ရင်တော့ သတင်းအတိအကျရနိုင်မယ့် URLတွေကိုပေးပို့စေလိုပါတယ်။ (မှတ်ချက်။  ။ ဒီ News Feature အတွက်တော့ update လုပ်ဖို့ 3G (or) WIFI internet access လိုပါတယ်ခင်ဗျာ။)
အရင် version တုန်းကရှိနေပြီးသား Favorite Feature ကတော့ အရင်အတိုင်းဆက်ရှိနေမှာ ဖြစ်ပါတယ်။ တချို့ Request တွေကို ဒီ version မှာမထည့်ပေးတဲ့အတွက်လည်းတောင်းပန်ပါတယ်။ နောက် version တွေမှာအလုပ် အခြေအနေ ကြည့်ပြီး ထည့်ပေးနိုင်အောင် ကြိုးစားသွားပါမယ်။
ဒီ version အတွက်တော့ Credit ပေးစရာ Links တွေကတော့
- Audio File (http://naynaynaing.blogspot.com)
- News Data (http://www.dhammadownload.com/dhammadownload-news.htm)
ကျွန်တော်ရဲ့မြတ်ဗုဒ္ဓ နဲ့ တရားဓမ္မတွေကို ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ တတ်နိုင်တဲ့နည်းနဲ့ ထိန်းသိမ်းကြရအောင်လားဗျာ။ 

1) တရားတော်များ

2) Play Button ကို နှိပ်ပြီး တရားနာလို့ ရပါပြီ။





3) သတင်းများ ဖတ်ရန်

4) တည်နေရာကို မြေပုံတွင် Mode အမျိုးမျိုး၊ Zoom အမျိုးမျိုး ဖြင့်  ကြည့်နိုင်သည်။










5) ဒီ version အတွက် ပြောချင်တာလေးတွေ

 

iDhamma 1.0















ပြီးခဲ့တဲ့ Chinese New Year ပိတ်ရက်မှာ iDhamma iPhone app ကိုစလုပ် ဖြစ်ခဲ့ပါတယ်။ စလုပ်ဖြစ်ခဲ့တာကတော့ မနက်ပိုင်း အလုပ်သွားရင် ကျွန်တော်ရွတ်နေကျ တရားစာတွေကို ရွတ်ဖတ်ရင်းသွားလေ့ ရှိပါတယ်။ ကျွန်တော် အလွတ်မရလို့ အိတ်ဆောင် စာအုပ်အသေးလေးနဲ့ ရွတ်ဖတ်လေ့ရှိတော့ တစ်ခါတစ်ရံ လွယ်အိတ် ပြောင်းတာမျိုး၊ အချိန်မရလို့ ဒရောသောပါးပြေး ရရင်တော့ မေ့ကျန်ခဲ့တာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အမြဲလိုလို ပါတတ်တဲ့ mobile ထဲမှာ ထည့်သွားဖို့ idea ရလာပါတယ်။ (ကျွန်တော်ကတော့ တစ်ခါတစ်လေ mobile phone တောင်မေ့ ကျန်လေ့ ရှိပါတယ်။) ဒီနေမှာ ပြောစရာ တစ်ခုရှိတာက pdf လုပ်ပြီး iBooks ထဲထည့် သွားရင်လဲ မြန်မာလို့ ဖတ်လို့ ရတာပဲလို့။ ဟုတ်ပါတယ် ရတယ်ဆိုပေမယ့် ဖတ်ရတာ အဆင် မပြေဘူး ပြီးတော့ နေ့စဉ်ရွတ်နေကျမျိုးတွေကို Favorite လုပ်ထားချင်တာမျိုးတွေ ဆိုရင်တော့အဆင်မပြေ ဖြစ်ရပါတယ်။ ဒါကြောင့် ကိုယ်ပိုင် app တစ်ခုလုပ်ပြီး ဖတ်တာမျိုးဆိုရင် ပိုပြီး အဆင်ပြေ နိုင်မယ်လို့ စဉ်းစားမိရာကနေ iDhamma ဖြစ်လာပါတယ်။
ပြီးသွားတော့ တစ်ခြားသူတွေပါ သုံးရင် အဆင်ပြေ နိုင်တာမို့ iTunes Store မှာတင်ပြီး share လိုက်ပါတယ်။ ကျွန်တော် ဒီ application မှာ စီးပွါးဖြစ် ရောင်းလေ့ ရှိတဲ့ တရားစာအုပ်တွေလောက် content တွေအများကြီးပါလာမှာ မဟုတ် တာတော့ သေချာပါတယ်။ ခုလက်ရှိ ထည့်ထားတာကလည်း နေ့စဉ် အရွတ်များတဲ့ တရားစာတွေလောက် ပဲဖြစ်ပါတယ်။

ကျွန်တော်ရဲ့ ဓမ္ဓဒါန ဖြစ်တာကြောင့်  သေချာတာ တစ်ခုကတော့ iDhamma ဘယ်တော့မှ commercial version မဖြစ်သွားပါဘူး။ idea အသစ်ရပြီး အချိန်လည်း ပေးမယ်ဆိုရင်တော့ application မှာ feature အသစ်တွေထည့်သွားပါမယ်။ ဥပမာ ကိုယ်ဘုရား ရှိခိုးချိန်ကို background service အနေနဲ့ alert ပေးတာမျိုးပေါ့။ နောက်စဉ်းစားမိတာက default content ကတော့ ဒီအတိုင်း ရှိနေပြီး တကယ်လို့ user ကထပ်ဖြည့်ချင်ရင်တော့ user ကိုယ်တိုင် website ကနေကိုဖြည့်လို့ ရနိုင်မှာ ဖြစ်ပြီး ကိုယ် register လုပ်ထားတဲ့ user account ရဲ့ data တွေအတိုင်း iPhone app မှာ sync လုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲလိုဆိုရင် domain အသစ်နဲ့ performance ကောင်းကောင်း hosting တစ်ခုထပ်ဝယ် ရလိမ့်မယ်။ ပိုက်ပိုက် အဆင်ပြေရင်တော့ ဆက်လုပ်မှာပါ။ 



ပြောမယ့်သာပြောတာ www.idhamma.com, www.idhamma.info ကတခြားသူယူထား ပြီးသားဖြစ်နေပြီ။ ကျွန်တော်ထင်တာ Thai ကယူသွားတာ ဖြစ်နိုင်တယ်။ သူ့တို့မှာလည်း iT-iDhamma ဆိုတဲ့ application တစ်ခု ရှိနေတာတွေ့ရပါတယ်။ လက်ရှိ iDhamma 1.0 မှာတော့ ပရိတ်ကြီး ၁၁ သုတ်၊ ပဋ္ဌန်း အကျဉ်း၊ ဓမ္ဓစကြာ၊ ဂုဏ်တော်ကွန်ချာ၊ မေတ္တာပို့၊ အမျှဝေ တို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်နေ့စဉ် ရှိခိုးနေကျတွေကို Favorite လုပ်ထားချင်တယ်၊ ကိုယ့် Favorite list ကိုပြင်ချင်တယ် စတဲ့ Feature တွေကို ရနိုင် မှာ ဖြစ်ပါတယ်။
ကျွန်တော် တစ်ခု request လုပ်ချင်တာကတော့ တစ်ချို့ ပရိတ်တော်တွေမှာ ရွတ်ဖတ်ရခြင်း အကျိုးတွေ ကို ဖြည့်ဖို့ကျန်နေပါသေးတယ်။ သိမယ်ဆိုရင် ပို့ပေးစေလိုပါတယ်။ ကျန်နေတဲ့ ပရိတ်တော်များကတော့


၁. မေတ္တသုတ်
၂. ခန္ဓသုတ်
၃. မောရသုတ်
၎. ဓဇဂ္ဂသုတ်
၅. အာဋာနာဋိယသုတ်
၆. အင်္ဂုလိမာလသုတ်
၇. ဗောဇ္ဈင်္ဂသုတ်
၈. ပုဗ္ဗဏှသုတ်



တကယ်လို့များ စာလုံးပေါင်း အမှားတွေ့ရင်တော့ feedback ပေးပါခင်ဗျာ။ နောက် version တွေမှာ upgrade လုပ်သွားပါမယ်။ Feedback ပေးလို့ ရနိုင်မယ့် နေရာတွေက
Mail: pyephyohan@gmail.com
Web Site: http://idhamma.pyephyohan.info/?p=1
iTunes: http://itunes.apple.com/us/app/idhamma/id420570850?mt=8&ls=1

iDhamma မှာ ပါဝင်နေတဲ့ content အများစုကို အောက်က link နှစ်ခုကနေ ယူထားတာ ဖြစ်ပါတယ်။ အဲဒီ Site Owner တွေကိုလည်း ဒီနေရာ ကနေ content တွေအတွက် ယူထားတာကို ခွင့်တောင်းပါတယ်။
၁။ http://holyscripts.blogspot.com
၂။ http://wikimyanmar.co.cc



ကျွန်တော်သုံးထားတာက Masterpieces Uni San Unicode ဖြစ်တာကြောင့်Unicode Converting ကိုတော့ MMITP ရဲ့ Unicode Converter ကနေပြောင်းခဲ့ ပါတယ်။

Content တွေအတန်သင့် ငြိမ်သွားရင်တော့ android mobile တွေအတွက်ပါ သွားဖို့ အစီအစဉ် ရှိပါတယ်။ android မှာလဲ FREE ပဲဖြစ်မှာပါ။ iDhamma ကို အသုံးပြုရတာ အဆင်ပြေလို့ iTunes Previews မှာ rating တွေ၊ review တွေပေးမယ်ဆိုရင်တော့ ကျွန်တော် ဓမ္ဓဒါန အတွက် ကြည်နူးမိမှာ အမှန်ပဲ ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

iDhamma နဲ့ သက်ဆိုင်သော update များအားလုံးကို http://iDhamma.pyephyohan.info ကနေ တင်သွားပါမယ်။

ကျွန်တော် စလုံးကို ရောက်တာ 24th FEB 2004 ဆိုတော့ ၄ နှစ်လောက်နီးပါး ကျွန်တော် အသုံးပြုခဲ့တဲ့ စာအုပ်လေး ကတော့ ပြဲလိုက်ပြန်ကပ်လိုက်တဲ့ ခုတော့ ဒီလို ဖြစ်သွားပါပြီ။ 







ခုတော့ iDhamma ရှိသွားပြီ ဖြစ်ဖြစ်ပေမယ့် ဒီစာအုပ်လေး ကတော့ အမှတ်တရ သိမ်းထားမှာပါ။








What is new on iDhamma's next version upgrade?

 iDhamma ကို download လုပ်ပြီး သုံးကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။  Statistics တွေအရ Singapore ကသူတွေ အများစု Dwonload လုပ်ကြတာကိုလည်းတွေ့ ရပြီး စစချင်း ၂ရက် ကဆိုရင် Singapore Store မှာ Top 25 list ထဲမှာ ရှိနေတာကိုတွေ့ ရပါတယ်။ ကျွန်တော့် ဓမ္ဓဒါန အတွက်လည်း ဝမ်းသာ ကြည်နူးမိပါတယ်။ ခုကျွန်တော်ပြောချင်တာကတော့ နောက် version upgrade မှာပါလာမယ့် content + feature တွေအကြောင်းပဲဖြစ်ပါတယ်။


1) Content
- ရွတ်ဖတ်ရခြင်း အကျိုးတွေအားလုံး ပါမှာ ဖြစ်ပါတယ်။
- ဓာရဏ ပရိတ်တော် ပါလာပါမယ်။
- ပဋ္ဌန်း အကျယ်လည်း ပါလာပါမယ်။
- အရင် version မှာ တစ်ချို့ စာပိုဒ်တွေ ကြပ်ပြီး ဖတ်မကောင်း ဖြစ်မယ်ထင်တာတွေကို အနည်းငယ် ပြန်ပြင်ထားပါတယ်။



2) Feature
- ပရိတ်ကြီး ၁၁ သုတ်အားလုံး အတွက် အသံတွေ ပါလာပါမယ်။ ခုလက်ရှိကျွန်တော် စမ်းနေတာတော့ အဆင်ပြေနေပါတယ်။ သေချာတာ တစ်ခုက application size ကြီးသွားမှာ ဖြစ်လို့ apple ကဘယ်လို့ ဆုံးဖြတ်မယ် ဆိုတာတော့ မသိဘူးခင်ဗျာ။ ကျွန်တော်ထင်တာ 20 MB ဝန်းကျင်လောက် ရှိသွားမယ်လို့ ထင်ပါတယ်။ အသံ file တွေကို server ကနေ streaming နဲ့ ဖတ်ရင် 3G or WIFI လိုမှာ ဖြစ်လို့ application ထဲကိုရောထည့်လိုက်တော့ size ကြီးသွားပါတယ်။

- နောက်တစ်ခု စဉ်းစားမိတာက တရားပွဲနဲ့ ဆိုင်တဲ့ Latest News တွေအားလုံးကို Update to date ဖတ်လို့ ရမယ့် ပြောမယ်ဆိုရင်တော့ RSS လိုမျိုး news reader တစ်ခုပါလာပါမယ်။ Data တွေကိုတော့ ဒီ website ကနေ ယူလိုကြောင်းလဲ ပြောချင်ပါတယ်။ http://dhammadownload.com/dhammadownload-news.htm


အလုပ်တစ်ဘက်နဲ့ အချိန်လုပြီး လုပ်နေရလို့ 15th March 2011 ဝန်းကျင်လောက်မှာ ဒီ version အသစ်ထွက် လာမယ်လို့ မျှော်လင့်ပါတယ်။ အဲဒါတွေအားလုံးပြီးမှ Android အတွက် ဆက်လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော် comment ပေးပြီး android အတွက် အမြန်လုပ်ပေးဖို့ တောင်းဆိုထား သူတွေကို တောင်းပန်ပါတယ်။ Comment တွေ rating ပေးကြတာကိုလည်း အရမ်းပဲ ကျေးဇူးတင်ပါတယ်။ သေချာတာက အဲဒါတွေက ကျွန်တော် ရှေ့ဆက် development လုပ်ဖို့ ခွန်အား ဖြစ်ပါတယ်။