3GS ကို unlock လုပ်ချင်နေသူ Unlocker များအတွက် တင်ဆက်လိုက်ရပါတယ်
iPhone 4 နဲ့ 4S ထွက်လာပြီးနောက်ပိုင်း 3GS ကို သိပ်မသုံးကြတော့ပေမဲ့ unlock လုပ်ထားရင်
SIM Card ကို ပြန်ညှပ်စရာမလိုတဲ့အချက်တစ်ချက်ထဲနဲ့ တန်ဖိုးရှိနေပါသေးတယ်
iOS 5.0.1 ကို iOS version update လုပ်လိုက်မိတယ်ဆိုသူတွေလည်း unlock ရနေပါပြီ
Unlock မလုပ်ခင်မှာတော့ 3GS ရဲ့ baseband ကို upgrade လုပ်ရတဲ့အဆင့်တစ်ခုတိုးလာပါတယ်
ဆိုးကျိုးအနေနဲ့ကတော့.....
iPhone 3GS ကို baseband 06.15.00 upgrade လုပ်ရင်
- Apple ရဲ့ device warranty ဆုံးရှုံးခြင်း
- Apple ကပြန်လည်ပြင်ဆင်ပြီးထုတ်ထားသော baseband အသစ် 05.xx.xx sequence ကို
update လုပ်၍မရခြင်း
- Apple ကထုတ်ထားတဲ့ stock firmware ကို restore လုပ်၍မရခြင်း တို့ကိုကြုံတွေ့ရမှာဖြစ်ပါတယ်