Wednesday, March 30, 2011

recovery သံသရာ

     3GS New BootRom custom firmware 4.3.1 tethered jailbroken
 
     တနေ့က sn0wbreeze နဲ့ tethered jailbreak စမ်းပြီး ဒီနေ့ iTunes မှာ 4.3.1 ကို ပုံမှန် restore ပြန်လုပ်တော့ ထုံးစံအတိုင်း



     Antivirus နဲ့ Antispyware ကို ပိတ်ထားတော့မှ 4.3.1 firmware ကို downlaod ဆွဲပြီး restore လုပ်တဲ့အဆင့်ကိုရောက်တယ်
     ဒါ အရင်ကတည်းကဖြစ်နေကျ

     အားမရသေးဘူး error 1015 နဲ့



     recovery mode ဖြစ်တာကို iTunes ကြီးကတွေ့သွားပါတယ်



     recovery mode နဲ့ error 1015 ဆိုတော့ iREB recovery mode loop fixer ကိုသုံးတယ် မရဘူး

     iREB ရဲ့ DFU Helper ကိုသုံးပြီး DFU mode နဲ့ iTunes မှာ download ဆွဲပြီးသားရှိနေတဲ့ 4.3.1 ကို restore လုပ်လိုက်တယ်
     recovery mode နဲ့ error 1015 ပြန်လာတယ် iREB recovery mode loop fixer ကိုထပ်သုံးလည်းထူးမခြားနားပဲ
 
     umbrella သုံးပြီး 4.2.1 အထိ downgrade ချတယ် recovery mode မှာပဲ လည်နေတယ်

     EasyiRecovery ကိုသုံးလည်း recovery mode ကနေမထွက်နိုင်ဘူး
    


     PC ပြောင်းပြီး 4.2.1 ကို iTunes မှာ shif + restore လုပ်ပေမယ့် စိတ်လေစပြုနေပြီ error 3194 နဲ့ restore လုပ်လို့မရဖြစ်နေတယ်

     သတိရသွားလို့ host file ကိုပြင်ပြီး

          1. Redsn0w 0.9.6b နဲ့ 4.2.1 jailbreak ကို စ,တယ်

          2. jailbreak အပြီးမှာ recovery mode ပြန်ရောက်ပေမယ့် DFU mode ပြန်ဝင်ပြီး
             iTunes မှာ 4.2.1 ကို restore လုပ်တောလည်း error 1015 နဲ့ recovery mode ပဲ
             ( device ကကြောင်နေပြီ ကြောင်လက်စနဲ့ မထူးဘူးဆိုပြီး iREB နဲ့ recovery mode ကို ဖြည်လိုက်သေးတယ် မရဘူး )

          3.  redsn0w ထပ် run ပြီး Install Cydia ကိုမရွေးပဲ " just boot tethered right now " ကိုရွေးတော့
              reboot ဖြစ်ပြီး နာနတ်သီး ကိုသွားတွေ့တယ် ; P
              ဒါဆို အထဲမှာ 4.2.1 ကျိန်းသေရောက်နေပြီ

          4. ကဲ.....နောက်ဆုံး GreenPoison RC6.1 နဲ့ jailbreak လုပ်တော့မှပဲ ကျွန်တော့ရဲ့ recovery သံသရာပြီးဆုံးသွားပါတယ်

     လုံးဝ မကျေနပ်လို့ host file ကို original အတိုင်းပြန်ထားပြီး iTunes မှာ 4.3.1 update ထပ်လုပ်တော့
     update အပြီးမှာ error 1015 နဲ့ recovery mode ပြန်လာတယ် ဒီတစ်ခါတော့ iREB နဲ့ပေးတွေ့လိုက်တယ်
     4.3.1 အသန့်လေးဖြစ်သွားပြီ

     host file ကိုပြင်ပြီး DFU mode နဲ့ iTunes မှာ 4.2.1 ကို shift+restore ပြန်ထားတယ်
     recovery mode နဲ့ အဆုံးသတ်တယ် iREB ကို run ပြီး recovery mode ကနေထွက်တယ် မရဘူး
     Ok!!! recovery mode ကို GreenPoison RC6.1 နဲ့ သတ်လိုက်ပါတယ်
     ကြားထဲမှာ redsn0w + just boot tethered right now မလိုတော့ဘူးဆိုတာကိုသွားတွေ့တယ်

     ဒါဆို
       
          4.3.1ကနေ 4.2.1 ကိုအဆင်းမှာ recovery mode သံသရာလည်ခဲ့ရင်
          firmware restore + GreenPoison RC6.1 နဲ့ jailbreak လုပ်ပြီး ကုသလို့ရတယ်ပေါ့
          
      

No comments:

Post a Comment