အခုတလော jailbreak လုပ်ရာမှာ firmware 4.2.1 ( သို့ ) firmware 4.3.3 ကို Redsn0w နဲ့ jailbreak လုပ်ပြီးတဲ့အပြင် Greenpois0n နဲ့ပါ jailbreak ထပ်လုပ်တယ်လို့ သိရ၊ ကြားရပါတယ်
မလိုလားအပ်တဲ့ပဋိပက္ခတွေဖြစ်ပေါ်လာနိုင်တဲ့အတွက်
ကျေးဇူးပြု၍....မလုပ်ပါနဲ့
firmware 4.3.3 ကို Greenpois0n နဲ့ jailbreak လုပ်တော့ coding ( သို့ ) ပန်းသီးမှာရပ်နေမယ်
Greenpois0n က firmware 4.2.1 အတွက်ပဲဖြစ်ပါတယ်
Greenpois0n နဲ့ Redsn0w ကိုတွဲပြီးသုံးတာက iOS 4 downgrade ချတဲ့အချိန်မှာမဖြစ်မနေသုံးရတဲ့
နောက်ဆုံးလက်နက်ပါ
များသောအာဖြင့် firmware 4.2.1 အထိ downgrade ချတဲ့အခါမျိုးမှာ Greenpois0n ကိုတွဲပြီး run တာကိုတော့လုပ်ဖူးပါတယ်
အားမရလို့ နှစ်ခါပြန် က,ချင်ရင် restore လုပ်ပြီး jailbreak ပြန်လုပ်နိုင်ပါတယ်
သေချာတဲ့လွတ်မြောက်မှုကိုရဖို့အတွက်.....
jailbreak လုပ်ရင် phone အမျိုးအစား၊ firmware verion နဲ့ကိုက်တဲ့ jailbreak software တစ်ခုထဲကိုပဲသုံးဖို့
အကြံပြုတိုက်တွန်းပါတယ်
No comments:
Post a Comment