Tuesday, May 24, 2011

လွန်ဆွဲခြင်း ( beginner jb )


     jailbreak ကို ကိုယ်တိုင်ကိုယ်ကျခင်းကျင်းကြတဲ့အခါအောင်မြင်တဲ့အခါလဲရှိသလို ကျရှုံးတဲ့အခါလည်းရှိတတ်ပါသည်

     အမြဲတမ်း jailbreak လုပ်နေပါတယ်ဆိုတဲ့ Royal Jailbreaker တွေတောင်မှ တစ်ခါတစ်ရံ ခြေခေါက်လဲတတ်ကြပါတယ်



     jailbreak လုပ်မယ်ဆိုရင် Recovery mode  နဲ့ DFU modeRecovery ကိုသိနေရုံတင်မဟုတ်ပဲ

     ကျွမ်းကျင်စွာလုပ်ကိုင်နိုင်ခြင်းဟာ အကောင်းဆုံးပါပဲ    

     Recovery Mode နဲ့ DFU Mode ကွာခြားပုံကိုတော့ သိကောင်းစရာ ခေါင်းစဉ်အောက်မှာဖော်ပြထားပြီးဖြစ်ပါတယ် 


     အဓိကကျတဲ့သူငယ်ချင်း ၂ ယောက်လည်းလိုအပ်ပါတယ် youtube နဲ့ google ပါ

   youtube မှာ jailbreak, recovery mode, DFU mode အစရှိတဲ့ tutorial တွေကိုလေ့လာနိုင်ပါတယ်

    google မှာ လက်ရှိကြုံတွေ့နေရတဲ့ပဋိပက္ခတွေရဲ့အဖြေကိုရှာမယ် ရံဖန်ရံခါ အဖြေရှာရင်း မိုးလင်းသွားတတ်ပါတယ်

    jailbreak မှာ DFU mode ကိုဖန်တီးတဲ့အဆင့်ဟာ timing ကောင်းဖို့အရေးကြီးသလို

    ကိုယ်သုံးနေတဲ့ကွန်ပြူတာရဲ့ specification လည်း ကောင်းဖို့လိုအပ်ပါတယ်


     jailbreak ကိုပုံဖော်နေရင်းက တစ်ခုခုမှားယွင်းသွားတဲ့အခါ iDevice ဟာ အောက်ပါအနေအထားအမျိုးမျိုးနဲ့ ရပ်တန့်နေတတ်ပါတယ်
   
     ( အသုံးပြုတဲ့ jailbreak software နဲ့ ကွန်ပြူတာရဲ့ specification ပေါ်မူတည်ပါတယ် )



     လိုအပ်တာထက်ပိုပြီးအချိန်ကြာကြာရပ်တန့်နေပြီဆိုရင် Force Quit ကိုအသုံးပြုပြီးပြန်ထွက်ပါ




     Force Quit

     Home button နဲ့ Power button ကို ၁၀ စက္ကန့်တိတိ ပြိုင်တူဖိထားပြီး ၁၀ စက္ကန့်ပြည့်ရင်ပြိုင်တူပြန်လွှတ်ပါ

     Power ပြန်တက်မလာသေးဘူးဆိုရင် ( ပန်းသီးပုံပြန်မပေါ်သေးဘူးဆိုရင် ) Power button ကိုထပ်နှိပ်ပါ

      မူလအနေအထား ( jailbreak မလုပ်ခင်အနေအထား ) ကိုပြန်ရောက်ပါမယ်

     jailbreak လုပ်ရာမှာလည်း

     " အရှက်နဲ၊ လက်ရဲ၊ မျက်နှာပြောင်၊ အာချောင်ရမယ် " ဆိုတဲ့အချက် ၄ ချက်ထဲက အရှက်နဲပြီးလက်ရဲဖို့လိုအပ်ပါကြောင်း.....

              

No comments:

Post a Comment